2.3 တွေတော့မမှတ်မိတော့ဘူးဗျ 4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး
Thursday, 25 September 2014
Home »
» Android 4.0 အထက်တွေမှာ Data သိပ်မသုံးရဘဲ Memory Full ဖြစ်ရင် ဖြေရှင်းနည်း တစ်ခု
Android 4.0 အထက်တွေမှာ Data သိပ်မသုံးရဘဲ Memory Full ဖြစ်ရင် ဖြေရှင်းနည်း တစ်ခု
Related Posts:
Mobogenie 3.0 …For Window အခုကတော့ Mobogenie Version 3.0 လေးပါ အသစ် ထွက်လာတာမို့ ပြန်လည်ဝေမျှပေး လိုက်ပါတယ် အခု Version အသစ်မှာ UI ကော အခြား ဒီဇိုင်းပိုင်းတွေပါ ပြောင်းလဲ သွားပါတယ် Download Speed ပိုမိုမြန်ဆန်လာပြီး ယခင် version နဲ့… Read More
ကွန်ပြူတာက ဆုံးရှုံးသွားသော Data, File များအား ပြန်လည်ရယူဖို့ နည်းလမ်း ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင် ပါတယ်။ ဒီအတွက် ပျက်ဆီးသွာ တဲ့ အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများကိုလည်း သိထားမယ်ထင်ပါတယ်။ တော… Read More
i Dictionary (For Windows) Dwonload - I-Dictionary Version 2.1(www.mssk.info).rar Credit;အောင်ကိုလတ် b.c.sc<hons>uscm မောင်(စွယ်စုံကျမ်း) -------------------------------------- ကိုမျိုး(lwanmapyay.blogspot.com) လွမ… Read More
Windows 8/8.1 အသုံးပြုတဲ့ မိတ်ဆွေများ ဇွန်လ (၁၀) ရက်နေ့မတိုင်ခင် Windows 8.1 update လုပ်ထားကြပါ Windows 8.1 (photo;AP) Windows 8/8.1 အသုံးပြုတဲ့ မိတ်ဆွေများ Windows 8.1 update ကို မလုပ်ရသေးဘူးဆိုရင် လာမဲ့ ဇွန်လ (၁၀) ရက်နေ့မတိုင်ခင် အပြီးလုပ်ထားကြဖို့ အကြံပြုထားပါတယ်... အဲဒီနောက်ပိုင်းမှာတော့ Microsoft အနေနဲ့ unpat… Read More
How to Create Windows 8.1 Bootable USB Microsoft ကထုတ်လုပ်လိုက်တဲ. Window 8 ရဲ. Update ဖြစ်တဲ.Window 8.1 ကို ISO Disc Image File ကနေ Bootable USB Flash Drive အဖြစ် ဖန်တီးလိုက်မယ်ဆိုရင် ကွန်ပြူတာကို USB Flash Drive ကနေ Boot တက်ပြီး Window 8.1 ကို Install လုပ်… Read More
0 comments:
Post a Comment