https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >

Wednesday, 5 November 2014

အခြေခံ မိုဘိုင်းဖုန်း ဖြေရှင်းနည်း အကျဉ်းချုပ်များ (For Beginner)


ပထမဦးဆုံး ပြောလိုတာ ကတော့ မိမိထင်ရာတွေ သာ ရေးထားတာဖြစ်လို့ အမှားတွေ ပါနိုင်ပါတယ် ပြီးတော့ ခုမှစတင်မယ့် သူတွေအတွက် သာဖြစ်ပြီး ဆရာသမား တွေအတွက် ရယ်စရာလေးတွေ သက်သက်ဖြစ်ပါတယ် မိုဘိုင်းဖုန်း ဟာဒ်ဝဲပိုင်း မှာတော့ ခဲဂေါက်၊ ဟော့ဂမ်းစတဲ့ အခြေခံကျတဲ့ ကိုင်တွယ်မှု တွေကို မကြာခန လေ့ကျင့်ပေး ခြင်းဖြင့် မိမိကျွမ်းကျင်မှုကို မြင့်တင်နိုင်ပါတယ်။ ခဲဂေါက်မနိုင်ရင် တကယ်တမ်း လက်တွေ့ လုပ်တဲ့ အခါမှာ အခက်အခဲတွေ ကြုံတွေ့ရမှာ ဖြစ်တာမို့ပါ။

hardware သမားတစ်ယောက် ပြုလုပ်ထားရမှာ တွေကတော့
1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical & general knowledge
5/chaning CPU,Power IC & Jumper

စသဖြင့် လေ့လာ ထားသင့်ပါတယ်။ ဒီapplication မှာ တစ်ခုချင်းစီ ရှင်းပြမယ် ပို့စ်မဟုတ်ဘဲ မိမိ အတွေ့အကြုံအရ အဖြစ်များတဲ့ hardware error တွေနဲ့ ဖြေရှင်းနည်းတွေကို အကျဉ်းချုပ် note သဘော ရေးသား တင်ပြမှာဖြစ်ပါတယ်။ မိမိလက်တွေ့ လုပ်ငန်းခွင်ဝင်တဲ့ အခါများစွာ အသုံးဝင်မှာ ဖြစ်ကြောင်း အာမခံ ပါတယ်။

၁။ အားသွင်းခေါင်းဖြုတ်လျှင် အားသွင်းခေါင်းဘေးရှိ conponent R/C များကို လွှင့်မကျအောင် မီးခံတိပ် ကပ်ပြီး အပူ 300ံနဲ့ လေအဆုံးထိ တင်ကာ ပတ်ပတ်လည် ပြေးပေးပါ။ မသော အခါတွင် ဆွဲမခြင်း မပြုရ။ အထိုက်အလျောက် ကျွတ်ပါလာမည် ဖြစ်ပါသည်။ ထို့နောက် တင်နာဖြင့်ပြောင်အောင် ဆေးပေး ပါ။ထို့နောက် အပေါက် ကလေးများကို ခဲဂေါက် ခဲစုတ်တံသုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်း အသစ်အား အံဝင်အောင်ချပြီး HOT Gun ၃၀၀ ဖြင့် ပတ်ပတ်လည် အပူပြေးပါ။ ခြေငုတ်ကလေးများကို စိအောင်သေချာ အပူပေးပါ။ မစိလျှင် အားမ၀င်ပါ။ အားလုံး တပ်ဆင်ပြီးလျှင် တင်နာဖြင့်ပြန်ဆေးပါ။ သေချာအောင် အားသွင်းခေါင်း အသစ်ခြေထောက် ကလေးများကို ခဲလိုက်ပေးလိုက်ပါ။

၂။ ဘက်ထရီ မကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့အဆုံးထိတင်.. အပေါင်းအနုတ် မှန်အောင် ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီး အားသွင်းပေး လိုက်ပါ။

၃။ Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့အောက်ဘုတ် နှစ်ကန့်ပါတဲ့ ဖုန်းတွေမှာ အားမ ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများ တပြိုင်နက်ဖြစ်ပေါ်လျှင် အပေါ်ဘုတ်နဲ့ အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအား စစ်ပါ။ ဆော့ကက် ငုတ်ကလေးများ ကောင်းမကောင်း စစ်ပေးပါ။အပေါ် အောက်ဆော့ကက် တပ်ဆင်ထားတာ မိမမိ စစ်ပါ။

၎။ ဖုန်းခေါ်စဉ် မီးမှိတ်သွားပြီး ပြန်တက်မလာဘဲ တစ်ဖက်က ဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250 ဖြင့်ဖြုတ်ချပါ။

၅။ Touch လဲလျှင် အဟောင်း Touch ကို အရင်မခွာရပါ။ ဆိုင်တွင် ဖုန်းဆက်မေးပြီးးလျှင် သွားစမ်းပါ။အားလုံးကောင်းပြီး ၀ယ်လာပြီးမှာ အဟောင်းကို ခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာများအား သေချာ စွာပြန်သုတ်ပေးပါ။ သံဇကာပေါက် ကလေးအားလည်း ပြန်တပ်ဖို့ မမေ့ပါနဲ့။

၆။ ပါဝါမလာသော ဖုန်းများ လာအပ်လျှင် အားသွင်းကြိုး အရင်ထိုးကြည့်ပါ။ ပါဝါနိုးလာလျှင် ခလုတ်အား တစ်ချက်စစ် ကြည့်ပေးပါ။ အားသွင်းကြိုးထိုးလို့ ပါဝါလာသော ဖုန်းသည် ခလုတ်ကြောင့် သာဖြစ်သည်။

၇။ earpiece, speaker အသံတိုးလျှင် အသစ်လဲပြီးလို့ အသံတိုးနေလျှင် သံဇကာပေါက် အ၀တ်စလေး များအား ခွာချလိုက်ပါ။ အသံပိုကျယ် လာပါမည်။

၈။ ဆိုင်တွင် ဘက်ထရီအား လုံးဝ ဒေါင်းနေလျှင်လည်း no power ဖြင့် လာအပ်တတ်သည်။ ဘက်ထရီ ကို ရှော့ရိုက်လိုက်ပါ။

၉။ အထိုင် socket နဲ့တွဲပါလာသော Sim Card နှင့် Memory ကဒ်မဖတ်လျှင် ထိုင် ဆော့ကက် အထိုင် တို့အား ဆေးပါ။။ မကောင်းမှ အသစ်လဲပါ။

၁၀။ ဆင်းဒ်ကဒ် မဖတ်လျှင် ငုတ်ကျိုးမကျိုး စစ်ပြီး ငုတ်များအောက်သို့ နိမ့်နေလျှင် အပေါ်သို့ မတင်ပေး ပါ။ တင်နာဖြင့်ဆေးပါ။

၁၁။ ဖုန်းဘုတ်များပေါ်တွင် ချော်ရည်များ တင်နာများ သုံးပြီး ပြောင်းစင်အောင် မဆေးဘဲ ဟော့ဂမ်းဖြင့် ခြောက်သွေ့အောင် အပူမပေးလျှင် ဘုတ်ရှော့သွားတတ်သည်။ မွဲကိန်း ဆိုဒ်လာမည်။

၁၂။ Mic, Earpiece, Speaker များ အသံတိုးသည် ပြောပါက volume ကို ထပ်ချဲ့စမ်းကြည့်ပါ။ မရမှာ hardware စစ်ပါ။ အသံပိုင်းဆိုင်ရာ ဆော့ဝဲများကြောင့် တိုးနေခြင်းလည်း ဖြစ်တတ်သည်။

၁၃။ လိုင်းမတက်လျှင် လိုင်းနှင့်ဆိုင်တဲ့ ငုတ်ကလေးများကို ရှာပြီးတော့ jumper ကြိုးလေးများဖြင့် ဆက်ကြည်ပါ။ တငုတ် နှစ်ငုတ်...

၁၄။ ဟော့ဂမ်း ခဲဂေါက် စသည်တို့ ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။

၁၅။ ပါဝါမလာသော ဖုန်းအားပြင်ရန် မည်သည့်နေရာမှ စပြင်ရန် စဉ်းစားမရပါက တင်နာဖြင့် ဘုတ်ကို ဆေးပါ။ ဆပ်လိုင်းချတ် ပါဝါပြန်နိုးပါ။

၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင် ဖိချပေးပါ။ မရမှသာ အသစ်လဲပါ။

၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့ အပေါ်မှာရှိသည်။ Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ်ရဲ့ အောက်ဘက် လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသော အိုင်စီဖြစ်သည်။ 8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက် တည့်တည့်တွင် မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။

၁၈။ Huawei phone များတွင် wifi ic သည် ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာ ရှိပါတယ်။ တစ်ခါတစ်ရံ သံပြား အုပ်ထားပါတယ်။ သံပြားခွာကြည့်ပါ။ အဖြူအမဲနှစ်ထပ် အိုင်စီသည် ဘလူတုသ် အိုင်စီဖြစ်ပါတယ်။ ပါဝါဖွင့်ပြီး screen မှိတ်သွားပြီး ပါဝါကျသွားသော ဖုန်းများ ဘက်ထရီ ထုတ် ပြန်တပ်ပြီးမှာ ပါဝါပြန်နိုးသော ဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။

၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင် ဘက်ထရီ ထည့်တဲ့ အခါ အောက်ခြေတွင် ပိုကျပ်အောင် စက္ကူခံပေးပါ။ မရလျှင် supply ချိတ်ပြီး Ampx စားမစား ကြည့်ပါ။ များနေလျှင် ဘုတ်ကြောင့်သာဖြစ် သည်။ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင် အပူပေးလိုက်ပါ။

၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန် စစ်ပေးပါ။ မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။

၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။

၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့် ထောက်ပြီးနိုးကြည့်ပါ။

၂၃။ Mic, Earpiece, Speaker, shock ကျနေလျှင်လည်း ပါဝါမလာပါ။

၂၄။ ဆော့ကက်နှင့် လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက် အထိုင်အား supply အနီတံဖြင့် ပါဝါနိုးနိုင်သည် ။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။ supply ရဲ့ အလယ်သံချောင်းအား ညာဘက်သို့ test ပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကို ထောက် ကြည့်ပါ။ ပါဝါလာသော ငုတ်အား သိလိုလျှင် ဆော့ကက်ခြေထောက် လေးများအား ထောက်ကြည့်ရ ပါသည်။

၂၅။ အပေါ်ဘုတ်နှင့် အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ် ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက် လျှင် လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။

၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့် ရေဂျိုးများအား ဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင် ဗန်းသာမက သံပြားများအားကိုလည်း ခွာပြီးနေရာလွတ် မကျန်အောင် ဆေးပေးပါ။ သံပြားသည် အရှင် အသေနှစ်မျိုးရှိသည်။ အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ ပြီးနောက် တင်နာနှင့် ချော်ရည်များအား ပြောင်အောင် ဆေးပေးပါ။ မရလျှင် ဘုတ်အား supply တွင် ချိတ်ပြီး အော်နေလျှင် supply တွင် မအော်သည်အထိ လျှော့ချပါ။ မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။ R/C များ ပူနေလျှင် ပူနေသော R/C များအား ဖြုတ်ချပေးပါ။ Shock လွှတ်သည် အထိ လုပ်ပါ။

၂၇။ Touch ပြား အကောင်းများကို ခွာလိုလျှင် java ဖုန်း touch တွင် ပါသော ကော်ပြားအား ထောင့် လေးထောင့် ကတ်ကြေးဖြင့် ၀ိုက်ညှပ်ပြီး ထိုကော်ပြားဖြင့် ခွာနိုင်ပါသည်။ အပူ ၁၀၀ ပေးပြီး ခွာရမည်။

၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့် အထိုင်လိုင်း ပွိုင့်ငုတ် ကလေးများကို သေချာစစ်ပေးပါ။ အပေါ် ဘုတ်နှင့် အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက် ကောင်းမကောင်း မိမမိ စစ်ပေးပါ။ ဖုန်းငုတ် များ မတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။ နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့် အပူပေးကြည့်ပါ။ မရလျှင် JUMPER ကျော်ပေးနိုင်သည်။

၂၉။ Earpiece ကို လဲပြီးမရပါက ဘုတ်ကို စစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံ လာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါ က နှစ်ကြိုးလုံးပို့ပါ။

၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည် ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။

၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့်အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန် တပ်ပေးပါ။

ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင် ကီးတွေဖြစ်ပါတယ်။ ဒီလိုအခြေမျိုးတွေ ကို ပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...

ဒါကတော့ မီတာတိုင်းတဲ့ နည်းလေးပါ...

၁။ Condenser -တက်ပြီး ပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။ နှစ်ဖက်လုံး တက်ပြီး ပြန်မကျပါက မကောင်းပါ-- X1 X10 X100

၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း.. မတက်ရင် မကောင်း X1 X10 X100

၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း... မတက်လျှင်မကောင်း X1 X10 X100

၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက် မတက်လျှင် မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။ မကောင်း။နှစ်ဖက်လုံး မပြရင် မကောင်း X1 တွင် ထားတိုင်း

၅။ Fuse -အဆုံးထိ တက်ရင်ကောင်း။ မတက်ရင်မကောင်း X1 မှာ တိုင်း။

မှတ်ချက်။ ။ ဗို့ လိုင်းမပြသော နေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။ အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင် ပါတယ်။


ref;ဆေးရိုးသည်
 --------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

0 comments:

Post a Comment