ဒေါင်းလော့လင့် နေရာမှ Get Unlock Code! ကို ဒီအတိုင်း သွားယူလိုက်ပါဗျာ (လွယ်ပါတယ်)
ကျနော်ဒီ Unlock Code ယူနည်းကို ပိုစ့်မတင်တော့ဘူးလို့ စိတ်ကူးထားတာပါ..။
သူငယ်ချင်းတစ်ယောက်က ကျနော့်ကို အကြောင်းကြားလာတော့မှ သိရတယ်..။
ဒေါင်းလော့လင့်တွေကို Unlock Code တွေနဲ့ ကာထားတယ်ဆိုမှ ပိုစ့်တွေကနေ
လိုက်ဖွင့်ကြည့်တော့ ဟုတ်နေတယ်..။ ကျနော်လင့်ချိတ်ပေးတဲ့ နေရာမှာတော့
အဲ့ဒါတွေမပါလို့ မသိလိုက်ဘူး..။ တင်ပြီးသား ပိုစ့်တွေက လင့်တွေကိုပဲ
လိုက်ပြောင်းပေးမလို့.. လိုက်ပြီးတောင် စမ်းမကြည့်တော့ပဲ
ဒီနေ့ပိုစ့်ဖြစ်တဲ့ Nitro PDF Pro 8 ပိုစ့်နဲ့ တခြား ပိုစ့် ၄၊၅ခုကိုတောင်
လင့်တွေပြန်ပြောင်းပေးခဲ့ပြီးပါပြီ..။ နောက်တော့ ၂လစာလောက်
လင့်တွေပြန်ပြောင်းပေးရမှာဆိုတော့ မဖြစ်သေးဘူးဆိုပြီး အခုမှ ဒီ Unlock Code
ယူနည်းကို စမ်းလိုက်တာ လွယ်လွယ်ကူကူပဲ အဆင်ပြေသွားလို့ အားလုံးပဲ ဖိုင်တွေ
ဒေါင်းလော့ယူရတာ အဆင်ပြေအောင် ကျနော်ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။
မလုပ်တတ်သေးတဲ့သူများကတော့ ဒီပုံလေးတွေကြည့်ပြီး လုပ်ပေးလိုက်ပါ..။ ဒီတခါပဲ
အဲ့ဒီဆိုဒ်မှာ အကောင့်ဖွင့်ရမှာပါ..။ နောက်နေ့တွေမှာလည်း ဒီအကောင့် Gmail
နဲ့ ဒီပါတ်စ်ဝါဒ့်နဲ့ ပဲ ပြန်ဝင်လို့ ရပါတယ်..။ ကုတ်တွေကတော့
တနေ့တခါပြောင်းပေးမလားတော့ မသိသေး..။ ကြည့်ပြီးသာ အဆင်ပြေသလို
လုပ်ပေးကြပါဗျာ..။
ဒေါင်းလော့လင့်
ယူရမယ့်နေရာကို ရောက်ရင် အောက်ကပုံတိုင်း ပေါ်နေပါလိမ့်မယ်..။ ဒီဆိုဒ်က
ကျနော်တို့ တင်ပေးထားတဲ့ ဒေါင်းလော့လင့်တွေကို Search Engine တွေက အလွယ်တကူ
ရှာလို့ မရအောင်လို့ ထပ်ကာပေးလိုက်တာပါ..။ အဲ့ဒါကြောင့်ဒီလိုမျိုး
အကောင့်တခု ဖွင့်ပြီး Unlock Code ကို ဝင်ယူရမှာပါ..။ အောက်မှာ
ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။
အောက်ကပုံမှာ မျှားပြထားတဲ့ နေရာကနေ Right Click >> Open link in new tab နဲ့ သွားပါ..။
အောက်ကပုံအတိုင်း ပေါ်လာရင် အောက်ဘက်က Sign Up ကိုနှိပ်ပြီးဝင်လိုက်ပါ..။
လွယ်ကူတဲ့ အကောင့်တခု ဖွင့်ရမှာပါ..။ နောက်တခါပြန်ဝင်လို့
အကောင့်ရှိပြီးသားဆိုရင်တော့ အပေါ်ထောင့်က Sign in နဲ့ ဝင်လိုက်ယုံပါပဲ..။
အောက်ကပုံအတိုင်း မိမိတို့ရဲ့ Gmail >> ရှေ့၊နောက်နာမည် >>
Password ၂ခါရိုက်ထည့်ပါ..။ ပြီးရင် Sign up ကိုနှိပ်ပေးလိုက်ပါ..။
(မိမိတို့ အမြဲသုံးရမယ့် မှတ်မိလွယ်တဲ့ ပါတ်စ်ဝါဒ့်ကို
ထည့်ပါ..) နောက်တခါဝင်တဲ့အခါမှာ အခုဒီအဆင့်မှာ ဖြည့်ခဲ့တဲ့ Gmail နဲ့
Password ကို ပြန်ထည့်ပေးလိုက်ရင် အထဲက ကုတ်တွေကို ယူလို့
ရသွားပါလိမ့်မယ်..။
အကောင့်ရှိပြီးရင်တော့ အောက်ကပုံအတိုင်း Sign in ကိုနှိပ်ပြီး Gmail >> Password >> Login ကိုနှိပ်လိုက်ပါ..။
မိမိတို့ အကောင့်ထဲကို ရောက်ရင် အောက်ကပုံအတိုင်း Unlock
code အောက်ကနံပါတ်တွေကို စလက်ပေးပြီး Right Click >> copy
ယူလိုက်ပါ..။ ပြီးရင်တော့ ကျနော်တို့ ဒီအဆင့်ကို New tab နဲ့ ဝင်လာခဲ့လို့
Unlock Code ထည့်ရမယ့် စာမျက်နှာလေးက ဒီတိုင်းရှိနေပါတယ်..။ အဲ့ဒီ ထဲမှာ
ဒီကုတ်တွေကို Right Click >> paste နဲ့ ထည့်ပေးလိုက်ပါ..။
ကုတ်တွေကို အပေါ်ပုံအတိုင် ထည့်ပြီး
OK ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း ဒေါင်းလော့လင့်တွေကို ယူပြီး
ဖိုင်တွေကို ဒေါင်းလို့ ရသွားပါပြီ..။ ဒီပိုစ့်က ပုံတွေကို ကျနော် Google
Chrome နဲ့ လုပ်ပြထားတာပါ..။ အားလုံးပဲ ဒီပုံလေးတွေအတိုင်း လုပ်ပေးလိုက်ရင်
ဖိုင်တွေကို ဒေါင်းယူလို့ ရသွားပါပြီ..။
အားလုံးပဲ စိတ်ညစ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ..
0 comments:
Post a Comment