https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label သင်သိသင့်တဲ့ Facebook နဲ့ ပတ်သက်တဲ့ Tricks လေးခု. Show all posts
Showing posts with label သင်သိသင့်တဲ့ Facebook နဲ့ ပတ်သက်တဲ့ Tricks လေးခု. Show all posts

Wednesday, 5 November 2014

သင်သိသင့်တဲ့ Facebook နဲ့ ပတ်သက်တဲ့ Tricks လေးခု


Facebook ဟာ လူသုံး အများဆုံး Social Network တစ်ခု ဖြစ်ပေမယ့် လိုအပ်နေတဲ့ စွမ်းဆောင်ချက်များနဲ့ ကန့်သတ်ချက်များ ရှိနေပါတယ်။ ဥပမာ အားဖြင့် Google Plus မှာလို GIF ဓါတ်ပုံများ Share ပြုလုပ်လို့ မရသလို ဗီဒီယိုများကို ဒေါင်းလုပ် ပြုလုပ်ခွင့် မပေး ထားပါဘူး။ အခုဖော်ပြမယ့် နည်းလမ်းများက သင့်ရဲ့ Facebook အသုံးပြုမှု အတွေ့အကြုံကို ဆန်းသစ်စေမှာ ဖြစ်ပါတယ်။

GIF ဓါတ်ပုံများ Share လုပ်ပါ။

Facebook မှာ GIF ဓါတ်ပုံများကို သူငယ်ချင်းများနဲ့ Share လုပ်ရတာ ပျော်စရာကောင်းမှာပါ။ ဒီလိုပြုလုပ်ဖို့ Giphy.com ၀က်ဆိုက်ကိုသွားပါ။ အဲဒီမှာ GIF ဓါတ်ပုံများစွာ ရှိပြီး နှစ်သက်တဲ့ GIF ဓါတ်ပုံတစ်ခုကို တွေ့ရင် သင့်ရဲ့ Timeline, Page, Group မှာ Share လုပ်ဖို့ Facebook Icon ကိုနှိပ်ပါ။ ၀က်ဆိုက်က ပံ့ပိုးပေးထားတဲ့ GIF ဓါတ်ပုံရဲ့ လင့်ကို ကော်ပီကူးပြီး Facebook ရဲ့ Status Box မှာ Paste လုပ်ပြီးလည်း မျှဝေနိုင်ပါတယ်။ GIF ဓါတ်ပုံများကို Play ခလုတ်ပါတဲ့ ဗီဒီယိုတစ်ခုလို ပြသပေးမှာ ဖြစ်ပါတယ်။ Play Button ကိုနှိပ်ပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 

Giphy ၀က်ဆိုက်ရဲ့ ကောင်းမွန်တဲ့ အခမဲ့ ၀န်ဆောင်မှုက သင့်ကိုယ်ပိုင် GIF ဓါတ်ပုံများကို Upload လုပ်နိုင်တာပါ။ Giphy က သင် Upload လုပ်လိုက်တဲ့ GIF ဓါတ်ပုံကို Facebook မှာ Share လုပ်လို့ရအောင် ပြုလုပ်ပေးမှာပါ။ ပြီးရင်တော့ Facebook မှာ သူငယ်ချင်းများနဲ့ Share လုပ်နိုင်မှာ ဖြစ်ပါတယ်။

Status Snapper

Facebook မှာ သူငယ်ချင်းတစ်ယောက်ရဲ့ Status ကို ပြန်လည်မျှဝေချင်ပေမယ့် သူ့ရဲ့ Profile Photo နဲ့ နာမည်ကို မသိစေချင်ဘူးဆိုရင် Status Snapper ကို အသုံးပြုနိုင်ပါတယ်။ Status Snapper က Chrome Extension ဖြစ်ပြီး Status တစ်ခုကို Screenshot ရိုက်ပေးပြီး ပို့စ်ရေးတင်သူရဲ့ ဓါတ်ပုံနဲ့ နာမည်ကို Blur ဖြစ်အောင် ပြုလုပ်ပေးနိုင် ပါတယ်။ အဲဒီ Status ကို သင်က ပြန်လည်မျှဝေနိုင်မှာ ဖြစ်ပြီး မူလ Status ရေးသူရဲ့ ဓါတ်ပုံနဲ့ နာမည်ကို အခြား သူများ မသိနိုင်တော့ပါဘူး။ သင့်ရဲ့ News Feed မှ ပို့စ်တိုင်းမှာ Snap Button ကို တွေ့မြင်နိုင်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

Facebook မှ ဗီဒီယိုများကို ဒေါင်းလုပ် ပြုလုပ်ပါ။

Facebook က ဗီဒီိယိုများကို ဒေါင်းလုပ် ပြုလုပ်ခွင့် မပေးထားပါဘူး။ Facebook မှ ဗီဒီယိုများကို ဒေါင်းလုပ် ပြုလုပ်ချင်ရင် သူ့ရဲ့ စနစ်ကို Hack ပြုလုပ်ရမှာပါ။ ဒီလို Hack ပြုလုပ်ပေးနိုင်တဲ့ Third-Party Tools များစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခုက facebookvideoz.com ၀က်ဆိုက် ဖြစ်ပါတယ်။ အဲဒီကို သွားပြီး Facebook မှ ဗီဒီယိုရဲ့ လင့်ကို ထည့်သွင်းပေးလိုက်ရုံပါပဲ။ ပြီးတာနဲ့ ဗီဒီယိုကို ဒေါင်းလုပ် ပြုလုပ်နိုင်မှာ ဖြစ်သလို ပြန်လည် Share လုပ်နိုင်တဲ့ လင့်တစ်ခု ရရှိမှာ ဖြစ်ပါတယ်။

သင့်ရဲ့ Facebook Events ကို သူငယ်ချင်းအားလုံးကို ဖိတ်ကြားပါ။

တစ်ခါတုန်းကတော့ Facebook က သင့်ရဲ့ Event ကို သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်ခွင့် ပြုလုပ်ပေးထားပါတယ်။ အခုတော့ ဒီလို လုပ်ခွင့်ကို ပိတ်သိမ်းလိုက်ပါတယ်။ ဘာလို့လည်း ဆိုတော့ Facebook အသုံးပြုသူများဟာ သူငယ်ချင်းများစွာ ရှိနေကြလို့ပါ။

ဒါပေမယ့်လည်း Javascript အနည်းငယ်ကို အသုံးပြုတာနဲ့ သင့် Event ကို သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်နိုင် ပါတယ်။ သင့်ရဲ့ Facebook Event Page ကိုသွားပြီး Invite People ကိုနှိပ်ပါ။ သင့်သူငယ်ချင်း အားလုံး ပေါ်တဲ့အထိ အောက်ကို ဆင်းသွားပါ။ Windows မှာဆိုရင် Ctrl+Shift+J ဒါမှမဟုတ် Mac မှာဆိုရင် CMD-OPT-J ကိုနှိပ်ပါ။ ဒါဆိုရင် Box တစ်ခုပေါ်လာမှာ ဖြစ်ပြီး အောက်မှ Javascript Code ကို ရိုက်ထည့်ပါ။

javascript:elms=document.getElementsByName("checkableitems[]");for (i=0;i<elms.length;i++){if (elms[i].type="checkbox" )elms[i].click()}

ကုဒ်တွေ ရိုက်ထည့်ရမှာ ခက်ခဲနေရင် အောက်က လိပ်စာကို သွားပြီး Copy, Paste လုပ်ပါ။ 

http://goo.gl/1EeXkh

ရိုက်ထည့်ပြီးရင် သူငယ်ချင်းအားလုံးရဲ့ Check Box များအားလုံးမှာ အမှန်ခြစ်များကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူငယ်ချင်းအားလုံးကို ဖိတ်ကြားဖို့ သင်ကိုယ်တိုင် တစ်ယောက်ချင်းစီရဲ့ Check Box ကို အမှန်ခြစ်ပေးစရာ မလိုတော့တာ ဖြစ်ပါတယ်။ ပြီးရင် ရေးချင်တဲ့ စာသားကို ရေးသားပြီး ဖိတ်ကြားနိုင်ပါပြီ။
နောက်တစ်နည်းက Check All လို့ခေါ်တဲ့ Chrome Extension ကို အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီ Extension ကိုနှိပ်ရင် သင်ရောက်ရှိနေတဲ့ Web Page မှ Check Box အားလုံးကို အမှန်ခြစ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook မှာသာမက အခြား ၀က်ဆိုက်များမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက Chromebook အသုံးပြုသူများအတွက် သင့်တော်ပါလိမ့်မယ်။

Facebook ဟာ ကျွန်တော်တို့ နိုင်ငံမှာ လူသုံးအများဆုံး Social Network တစ်ခုဖြစ်ပါတယ်။ ပြိုင်ဖက် Google Plus, Twitter တို့ထက် ပိုမို စွဲဆောင်နိုင်တဲ့ Facebook ရဲ့ အားသာချက်များက လျှို့ဝှက်ချက်များ ဖြစ်ပါတယ်။ အဲဒီ Facebook ရဲ့ လျှို့ဝှက်ချက်များနဲ့ ကန့်သတ်ချက်များကို ကျော်လွှားဖို့ အတွက် အပေါ်ကနည်းလမ်းများက အသုံးဝင်ပါတယ်။