https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label computer နည်းပညာများလေ့လာရန်. Show all posts
Showing posts with label computer နည်းပညာများလေ့လာရန်. Show all posts
Friday, 7 November 2014
Computer model brand အလိုက်BIOS ထဲ ကို ဝင် လို့ ရ မဲ့  Key မှတ်တမ်းပါ။
-----------------------------------------------------------------------------------
CleanThis Virus နှင့် ကြုံရပုံ
တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်နေသည် သတင်းကြား၍ အပြေးအလွှား သွားကြည့်ဖြစ်သည်။ အစပထမတွင် မည်သည့် ဗိုင်းရပ်စ်မှန်း မသိဖြစ်ရ၏။ ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။
Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။
အဆင့်(၁)
၁) Local Disk(C:) ကို ဖွင့်ပါ။ Documents and Settings မှ သင့်တို့၏ user name ကို ဖွင့်ပါ။
၂) Application Data ဖွင့်ပါ။ gog.exe ဖိုင်ကို ဖျက်ပါ။
၃) Documents and Settings မှ သင့်တို့၏ user name ကို ဖွင့်ပါ။ Desktop ကို ဖွင့်ပါ။ CleanThis.lnk ဖိုင်ကို ဖျက်ပါ။
၎) Local Disk(C:) ကို ဖွင့်ပါ။ Window ကို ဖွင့်ပါ။ Tasks ထဲမှ At(random).job ဖိုင်ကို ဖျက်ပါ။
အဆင့်(၂)
၁) Run Box တွင် regedit ကို ရိုက်ဖွင့်ပါ။ အောက်ပါလမ်းကြောင်းများအတိုင်း နောက်ဆုံးက ဖိုင်ကို ဖျက်ပါ။
HKCUSER\Software\Microsoft\Windows\CurrentVersion\Run “CleanThis”
HKCU\ Software\ Microsoft\ Windows NT\ CurrentConfiguration\ Winlogon\ Shell = %AppData%gog.exe
၂) စက်ကို restart ချပါ။ လက်ထိုး ပိတ်မှ ရမည် ဖြစ်သည်။
Window ပြန်တက်လာပါက အဆင်ပြေလိမ့်မည် ဖြစ်လေသည်။ ဤတွင် ပြီး၏။
Ubuntu နှင့် ဇော်ဂျီဖောင့်
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေကျော်ကြီး မောင်လွင် ရောက်ရှိလို့လာပြီး Ubuntu သုံးနည်းနှင့် ဇော်ဂျီဖောင့် သွင်းနည်းကို မေးမြန်းလေ၏။ 
"ဗျို့ . . . ကိုစေတနာ . .  ခင်ဗျားမလဲ အာအားရှိ အိမ်မှာပဲ ကုပ်နေတာကိုးဗျ . . . ဆိုင်လေးဘာလေး လာခဲ့ပါအုံးလား . . . "
"အိမ်း . . . လာချင်တာပေါ့ ကိုရင်ရာ  . . . စိတ်သာ ရှိပေမယ့် မလုပ်နိုင်တာတွေက များသလား . . ."
"ထားပါတော့လေ . . . သိချင်တာရှိလို့ ရောက်လာခဲ့တာ . . . "
"သိပ်သိသပေါ့ ကိုရင် . . . လာတိုင်း သိချင်တာပဲ မေးပြန်သွားတာပဲဟာ . . ."
"ဟ ဟား . . ဟုတ်ပါရဲ့ . . . ဒီလိုပါ . . . Ubuntu က ခေတ်စားနေတာ အချိန်အတော်ကြပြီပေါ့ . . . နို့ပေမယ့် ကျွန်တော်အနေနဲ့ ကကြီးရေကတောင် မသိဘူး ဖြစ်နေလေရဲ့ . . . ဒါကြောင့် ကိုစေတနာတော့ သိကောင်းရဲ့ဆိုပြီး ထွက်လာခဲ့တာပဲဗျာ . . .
" အင်း  . . . အထင်လဲ တယ်ကြီးသကိုး . . . . ကဲလေ ပေရှည်ပြီး ပြောမနေတော့ပါဘူး။ www.ubuntu.com ဆိုဒ်မှာ Ubuntu ကို သာ ဒေါင်းယူလိုက်။ ပြီးရင် Ubuntu OS ကို Install လုပ်။
Ubuntu မှာ ဇော်ဂျီ ဖောင့်တင်ဖို့ ဇော်ဂျီဖောင့်ကီးဘုတ်ကို ဒေါင်းယူ။ ဇော်ဂျီဖောင့် သွင်းနည်းစာအုပ်ကို ကြည့်ပြီးလုပ်။ 
စာအုပ်ဖတ်ကြည့်ပါအုံး . . . . ရှင်းသလားဆိုတာ ဟု မေးမြန်းရာ မောင်လွင်လည်း စာအုပ်ကို ဖတ်ကြည့်၍ ရှင်းလင်းကြောင်း၊ လုပ်ကြည့်မည်ဟု ပြောကြားပြီး ပြန်သွားလေတော့၏။
မောင်စေတနာ
Internet Download Manager သုံးပါ
တစ်နေ့သ၌ ကျွန်ုပ်သည် အလုပ်မအားလပ်သဖြင့် ဘလော့တွင် ပို့စ်များစွာ မတင်နိုင်သည့် သကာလ ဖြစ်နေသည်။ ပို့စ် အရေးနည်းသဖြင့် စာဖတ်သူများကိုလည်း အားနာလှ၏။ သို့ဖြစ်ရာ တင်သည့် ပို့စ်များသည်လည်း စာဖတ်သူများ၏ အကျိုးကို လိုလားသော ပို့စ်များကိုသာ ရေးတင်နိုင်ရန် စဉ်းစားလျက် ရှိ၏။
အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။
၁) IDM ကို Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။
၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။
ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် . . .
မောင်စေတနာ
Zawgyi Font For Window 7 64 bit
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊ သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။ ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့် ဖြေရှင်းလျက်ရှိလေ၏။
ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။ 
သို့သော် အားလုံး၏ အဆင်မပြေမှုကို အကြောင်းပြု၍ Window 7 64 bit တွင် ဇော်ဂျီပြဿနာအား အဆင်ပြေဆုံးဖြစ်စေရန် ဖော်ပြပါ၏။
အဆင့်(၁) 
စက်ထဲတွင် ဇော်ဂျီရှိ၍ သော်လည်းကောင်း (သို့) Install လုပ်ထားသော်လည်းကောင်း ယခု ဆော့ဝဲကို Run ၍ Install လုပ်ပြီး ဖျက်ပါ။
အဆင့်(၂)
ယခုပေးသော လင့်မှ ZawgyiL_amd64.msi ကို Install လုပ်ပါ။ 
Gtalk ၀င်ပြီး Setting တွင် ညာဘက်ရှိ Chane Font တွင် Zawgyi One ကို ရွေးပါ။
Wednesday, 5 November 2014
Desktop မှာအမှိုက်ပုံးပျောက်တဲ့အခါ
 Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးက တခါတလေ Desktop မှာပျောက်တတ်ပါတယ်..။ Desktop ပေါ်က Icon တွေဖျက်ရင်းနဲ့ ပါသွားတတ်ပါတယ်..။ နောက်တစ်ခုက Windows7 အသစ်တင်တဲ့အခါ အမှိုက်ပုံးပါမလာတာ ကြုံဖူးပါတယ်..။ ဘယ်ဗားရှင်းလဲဆိုတာတော့ သေချာမမှတ်မိတော့ဘူး..။ Windows7 Home Premium ဖြစ်ဖို့များတယ်..။ အခုဒီနည်းလေးနဲ့ ပဲရှာတွေ့ခဲ့တယ်..။ ဒါကြောင့် လိုလိုမယ်မယ် အမှိုက်ပုံးပျောက်တဲ့သူတွေ ပြန်ရှာတွေ့အောင်လို့ တင်ပေးလိုက်တာပါ..။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ စက်မှာလည်း လိုက်ရှာပေးဖူးတယ်..။ အဲတုန်းကလည်း တခါမှ မကြုံဖူးသေးတော့ တော်တော်လေးရှာလိုက်ရတယ်..။  ဝင်းဒိုးလည်း မတင်တတ်သေးတော့ အတွေ့အကြုံလည်းမရှိသေး.. ဝင်းဒိုးထဲက စာတွေအများကြီး ဖတ်လိုက်ရတယ်..။ တော်တော်ကြာမှ လုပ်နည်းကိုသွားတွေ့တယ်..။
သူများကလိလို့မရအောင် Windows Lock ချထားမည်
အခုဒီပိုစ့်လေးကတော့ မိမိကွန်ပျူတာကို သူများတွေ ကလိလို့ မရအောင် windows lock ချနည်းလေးပါ.. ဆော့ဝဲလ်မလိုပါဘူး .. ဝင်းဒိုးထဲမှာပါပြီးသားပါ.. ဒီနည်းလေးက ကောင်းလည်းကောင်းပါတယ်.. မကောင်းလည်း မကောင်းပါဘူး.. ဘာလို့လဲဆိုတော့ မေ့တတ်တဲ့သူများအတွက် မကောင်းပါဘူး ..
Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း
ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
ကွန်ပျူတာတစ်လုံးရဲ့ ပါဝါတွေကို ဘယ်လိုကြည့်မလဲ
ဒီတခါတော့ ကွန်ပျူတာတစ်လုံးရဲ့ ပါဝါကို ဘယ်လိုကြည့်ရင် သိနိုင်မလဲဆိုတာကို ပြောပြပါမယ်..။ မိမိတို့စက်ဝယ်တဲ့အခါတွေမှာ ဒါလေးတွေ ကြည့်တတ်မှ
Folder တွေနဲ့ Filesတွေမှာ မြန်မာစာပေါ်အောင်လို့
-------------------------------------------------------------------------------------------
ကျနော်တို့ Windows themes လို့ခေါ်တဲ့ Desktop မှာ မြင်နေရတဲ့ Windows Back ground ပုံတွေကို ပြောင်းလိုက်တဲ့အခါ မြန်မာလို ရေးပြီး သိမ်းထားတဲ့ ဖိုဒါတွေနဲ့ ဖိုင်တွေမှာ လေးထောင့် အတုံးအကွက် လေးတွေပဲမြင်ရပါတော့တယ်..။ မြန်မာစာ မပေါ်တော့ပါဘူး..။ အခုဒီနည်းလေးနဲ့ မြန်မာစာ ပြန်ပေါ်အောင်လုပ်ပါမယ်.. အောက်ကပုံလေးတွေကို ကြည့်ပြီး လုပ်ကြည့်လိုက်ပါဗျာ..
CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်
3 Oct 12, 06:15 PM
ဇော်ဖော်:
အကိုရေ လာလည်သွားတယ်နော် ဟဲဟဲ........ နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေးတစ်ခုနဲ ခွေကူးပုံးလေး တင်ပြပေးပါအုံးအကိုေ
13 Oct 12, 10:52 PM
ဇော်ဖော်:
အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူးပုံကူးနည်းလေးတွေ ဖော်ပြပေးပါအုးံးနော် မလုပ်တတ်လို့ပါဗျာ ကူးညီပါအုံး
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လိုဆို ပေးတဲ့လူအတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. ဒါကြောင့် ကျနော်တခုခုတင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေးချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..
အခုဒီပိုစ့်လေးကို ကျနော့်သူငယ်ချင်း တော်တော်များ ကလည်း မသိသေး ၊ မလုပ်တတ်သေးလို့ ဒီအခွေကူးနည်း လေးကို တင်ပေးလိုက်ပါတယ်.. ကျနော့် Blog မှာတင်ပေးထားပြီးသား ရှိတဲ့ Ashampoo Burning Studio 11 နဲ့ Nero 8 Essential ဆော့ဝဲလ်တွေကို အသုံးပြုပြီး လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီ Burning Tool တွေကို ဒေါင်းယူလိုက်ပါဗျာ..
ဒီပိုစ့်မှာ Mp3 သီိချင်းတွေကို CD နဲ့ ခွေကူးပြထားပါတယ်.. Slide Show တွေ၊ မိသားစု ရိုက်ထားတဲ့ Video တွေကို DVD ခွေနဲ့ကူးရင်လည်း ဒီနည်း အတိုင်းပါပဲ.. လုပ်နည်းက အတူတူပါပဲ.. ဝင်ရမယ့်နေရာ နည်းနည်းရွေးပေးဖို့ပဲ လိုတာပါ.. 
အရင်ဆုံး ကျနော် Ashampoo Burning Studio 11 နဲ့ အရင်လုပ်ပြထားပါတယ်.. အဲ့တော့ အောက်က ပထမပုံကတော့ Video တို့၊ Slide Show တို့ကို DVD နဲ့ ကူးမယ်ဆိုရင် A, B အတိုင်း နှိပ်ပြီး လုပ်ပေးယုံပါပဲ.. C နေရာကတော့ VCD ခွေကူးဖို့ပါ..။ ခွေကူးနည်းကတော့ အောက် ဒုတိယပုံနောက်ပိုင်း လုပ်ပြထားတဲ့ ပုံတွေနဲ့ သိပ်မကွာပါဘူး.. ကျနော့်ဆီမှာ MP3 သီချင်းတွေပဲ ရှိတဲ့ အတွက် အောက်ဒုတိယပုံ ကနေစပြီး ဆက်ကြည့်ပေးပါ.. နောက်ပြီး Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီးတပုဒ် လာအောင် ဖွင့်နည်းလေးပါ သူငယ်ချင်းတယောက် တောင်းထားလို့ ဒီပိုစ့်မှာ တခါတည်း လုပ်ပြထားပါတယ်..
MP3 သိချင်းတွေကို CD ခွေနဲ့ကူးဖို့ အောက်ကပုံအတိုင်း 1, 2 အတိုင်း နှိပ်ပြီး လုပ်ပါတယ်..
ပေါ်လာတဲ့ ပုံတွေအတိုင်း (အပေါ်ပုံတွေလို) အဆင့်ဆင့် နှိပ်ပေးလိုက်ပါ..။ အောက်ကပုံ အဆင့်ကို ရောက်ပြီဆိုရင် ပေါ်လာတဲ့ ဘောက်စ်ထဲမှာ မိမိတို့ ခွေကူးချင်တဲ့ သီချင်း ( Video တို့၊ Slide Show တို့) တွေကို မျှားပြထားတဲ့ အတိုင်း မိမိတို့ သိမ်းထားတဲ့ ဖိုဒါထဲမှာ သွားရှာပေးပါ.. အောက်ကပုံမှာတော့ ကျနော် ခွေကူးမယ့် MP3 သိချင်းတွေကို ရှာပြထားပါတယ်.. တွေ့ပြီဆိုရင် တခုထဲဆိုရင် တချက်ကလစ်ရင် ရပါပြီ.. သီချင်းတွေ အများကြီးဆိုရင်တော့ ကီးဘုတ်က ရှော့ကပ်ကီး Ctrl+A နဲ့ All Select ပေးလိုက်ပါ.. ပုံမှာပြထားသလို အပြာရောင်လေးတွေ ဖြစ်သွားရင် မျှားပြထားတဲ့ အတိုင်း အောက်ဆုံးက Add ကို ကလစ်ပေးလိုက်ပါ..
အောက်ကပုံ အတိုင်း ဆက်ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..
အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ ခွေကူးလို့ ရပါပြီ.. MP3 သီချင်းတွေကို CD နဲ့ ကူးလို့ ရမရ၊ အပေါ်ပုံ အောက်နားက လေးထောင့်ကွက်သေးလေးထဲမှာ 198.5 MB လို့ ပြထားပါတယ်.. CD တချပ်မှာ 700 MB ရှိတဲ့ အတွက် ဒီသီချင်းတွေကို CD နဲ့ကူးယူလို့ ရပါတယ်..။ တကယ်လို့ မိမိခွေကူးမယ့် သီချင်း (သို့) Slide Show က 700 MB ကျော်နေရင်တော့ CD သုံးလို့ မရပါဘူး.. DVD နဲ့ပဲ ခွေကူးလို့ ရမှာ.. Video ဖိုင်တွေ ဆိုရင်တော့ VOB / AVI ဖေါ်မတ်ပြောင်းပြီး DVD ခွေနဲ့ကူးပါ.. ဖေါ်မတ်ပြောင်းဖို့ ဆိုရင်တော့ Format Factory ဆော့ဝဲလ်လေးက အသုံးဝင်ပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီဆော့ဝဲလ်တင်ပေးထားတဲ့ ပိုစ့်မှာ သွားပြန်ယူနိုင်ပါတယ်.. အသုံးပြုပုံလေးပါ ပြပေးထားပါတယ်.. အပေါ်ပုံမှာ အခွေကူးတော့မှာ ဖြစ်တဲ့ အတွက် မျှားအနီပြထားတဲ့ အောက်ဆုံးက Next ကိုနှိပ်ပါတယ်.. အောက်ကပုံ အတိုင်းပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..
ဒီအောက်ကပုံ အတိုင်းပေါ်လာရင် အခွေမထည့်ရသေးတာ ဖြစ်တဲ့ အတွက် မျှားပြထားတဲ့ အတိုင်း Open Tray ကို နှိပ်ပါ.. အဲ့ဒီနေရာကို နှိပ်လိုက်တာနဲ့ မိမိတို့ရဲ့ DVD ROM ကထွက်ကျလာပါလိမ့်မယ်.. အဲ့ဒါဆိုရင် ခွေအသစ်ထည့်ပေးပြီး ပြန်ပိတ်ပေးလိုက်ပါ.. အခွေကူးတဲ့ အခါမှာ အနာအစာ မရှိတဲ့ အခွေသစ်ပဲ ဖြစ်ရပါမယ်..
အခွေထည့်ပေးပြီးလို့ရှိရင်တော့ ဒီကောင်လေးက အခွေကို စစ်ပါလိမ့်မယ်.. Burn လို့ရတဲ့ ခွေ ဖြစ်မဖြစ်..။ Burn လို့ရတယ်ဆိုရင် အောက်ကပုံလိုမျိုး အမှန်ခြစ်လေး ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆိုရင် အောက်ဆုံးက Write (Write CD) ကို နှိပ်ပေးလိုက်ပါ..။
အောက်ကပုံတွေအတိုင်း အခွေ Burn ဖို့ ပြင်ဆင်ပြီး၊ အဆင့်ဆင့် ခွေကူးပါလိမ့်မယ်.. ဘာမှ လုပ်ပေးဖို့ မလိုတော့ပါဘူး.. ထိုင်ကြည့်နေယုံပါပဲ..
အခွေကူးလို့ ပြီးသွားရင်တော့ သူ့ဖာသာ အခွေထုတ်ပေးပါလိမ့်မယ်.. ကူးပြီးသား အခွေကို ယူပြီး ပြန်ပိတ်ပေးလိုက်ပါ..။ အောက်ကပေါ်လာတဲ့ ဘောက်စ်လေးမှာ OK ပေးလိုက်ပါ..
အခွေကူးစရာ မရှိတော့ဘူး ဆိုရင်တော့ အပေါ်ပုံအတိုင်း Exit နဲ့ ထွက်လို့ ရပါပြီ.. ဒါဆိုရင် အခွေကူးနည်း ပြီးသွားပါပြီ.. Nero8 နဲ့ခွေကူးချင်တဲ့သူများကတော့ အောက်ဆုံးပုံတွေမှာ ဆက်ကြည့်ပေးပါ.. ဒီအောက်ကပုံကတော့ အခုကူးလိုက်တဲ့ ခွေကို ပြန်ထည့်ပြီး သီချင်း ဖွင့်ကြည့်တာပါ.. MP3/CD/DVD Player တွေနဲ့ ဖွင့်လို့ ရသွားပါပြီ.. ဒီပိုစ့်မှာတော့ တခါတည်း Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် ဘယ်လိုဖွင့်ရမလဲဆိုတာ မသိသေးတဲ့ သူများအတွက် ဆက်ပြပေးထားပါတယ်.. မသိသေးတဲ့ သူများ ဆက်ကြည့်ပေးပါ..
ကျနော်တို့ CD ထဲက သီချင်းတွေပဲ ဖြစ်ဖြစ်၊ ဖိုဒါထဲမှာ သိမ်းထားတဲ့ သီချင်းတွေပဲ ဖြစ်ဖြစ်၊ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် အောက်ကပုံလေးအတိုင်း ဖွင့်လိုက်ရင် သီချင်းတွေ ဖိုဒါထဲ ၊ CD ထဲမှာ ရှိသလောက် ဆက်တိုက်လာနေပါလိမ့်မယ်..
အဲ့တော့ သီချင်းရှိတဲ့ ဖိုဒါကို အရင်ဖွင့်ပါ.. ဒီမှာတော့ အခု ခွေကူးလိုက်တဲ့ CD နဲ့ လုပ်ပြထားပါတယ်.. လုပ်နည်းအတူတူပါပဲ.. မိမိတို့သီချင်းတွေ ပေါ်လာပြီဆိုရင် အောက်ကပုံအတိုင်း သီချင်းအားလုံးကို ကီးဘုတ်က Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ.. ပြီးရင် အဲ့ဒီပေါ်မှာ Right Click ထောက်ပြီး ပုံမှာပြထားတဲ့ အတိုင်း Add to Windows Media Player List ကို ကလစ်ပေးလိုက်ရင် သီချင်းတွေ တပုဒ်ပြီး တပုဒ် ပြီးတဲ့ အထိ လာနေပါလိမ့်မယ်..
အောက်ကပုံအတိုင်း သီချင်းတွေ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာနေပါပြီ..
 -----------------                 -------------------------------                     ---------------------
ဒီအောက်မှာတော့ Nero8 Essentials နဲ့ အခွေကူးပြထားပါတယ်.. အပေါ်ပုံတွေနဲ့ လုပ်နည်းအတူတူပါပဲ.. အဝင်မှာ နည်းနည်း မတူတာလေးပါပဲ.. ကျန်တာအားလုံး အတူတူပါပဲ.. MP3 ဆိုရင် အောက်ကပုံအတိုင်း သွားရင်လည်း ရပါတယ်.. ဒုတိယပုံနဲ့ ပိုလွယ်တဲ့ အတွက် ဒုတိယပုံနဲ့ လုပ်ပြထားပါတယ်..
ဒီအောက်ကပုံအတိုင်း Data Burning ကိုနှိပ်ပါ..
အပေါ်ပုံအတိုင်း Add ကနေ နှိပ်ပြီး အောက်ကပုံအတိုင်း မိမိတို့သိမ်းထားတဲ့ MP3 သီချင်းတွေကို  ယူပါတယ်.. တွေပြီဆိုရင် Ctrl+A နဲ့ အောစလက်ပေးပြီး ပုံရဲ့အောက်ဆုံးက Open ကို ကလစ်ပါ..
အောက်ကပုံအတိုင်း သီချင်းတွေ ရောက်သွားပြီဆိုရင် Name မှာ မိမိတို့ ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်..
CD နဲ့ ရမရ သိရအောင် လိုအပ်တဲ့ ဖိုင်ဆိုဒ်ကို ကြည့်ပြီး Burn ကို နှိပ်ပါ.. အဲ့ဒါဆို DVD ROM ထွက်ကျလာရင် အခွေသစ်ထည့်ပေးလိုက်ပါ.. အပေါ်ဆုံးပုံတွေ အတိုင်း သူ့ဖါသာ အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် အခွေထုတ်ပေးရင် ယူပြီး ပြန်ပိတ်ပေးလိုက်ပါ.. နောက်ပိုင်း အဆင့်တွေမှာတော့ Burning Tool တွေက အတူတူပါပဲ..
အောက်ကပုံကတော့ Nero8 နဲ့ Photo Slide Show လုပ်လို့ ရတဲ့ နေရာလေးပါ ပြပေးလိုက်ပါတယ်..
ဒီလောက်ဆိုရင်တော့ အခွေမကူးတတ်သေးတဲ့ သူများ အခွေကူးတတ်လောက်ပါပြီ..
You might also like:
Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း
ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။
ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...
Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။
တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာ ရေးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။
Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..
အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..
အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...
အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...
အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...
အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။
နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....
အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
                    ဆရာ လွင်မင်းဗိုလ်(နည်းပညာ) မှ့ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်....