https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Mozilla Firefox နှင့် သိသင့်စရာလေးများ. Show all posts
Showing posts with label Mozilla Firefox နှင့် သိသင့်စရာလေးများ. Show all posts

Wednesday, 5 November 2014

Mozilla Firefox နှင့် သိသင့်စရာလေးများ

Mozilla Firefox နှင့် သိသင့်စရာလေးများ


Mozilla Firefox အသုံးပြုသူများအတွက် သိသင့်သိထိုက်တာလေးတွေကို ပြောပြချင်ပါတယ်..။ ကိုယ်ပိုင်စက်ရှိတဲ့ သူများကလည်း မိမိတို့ရဲ့အကောင့်တွေကို တခြား စက်ငှါးကြည့်တဲ့ လူများ အလွယ်တကူ ဖွင့်မကြည့်နိုင်အောင် ဒီနည်းလေးနဲ့ ကာကွယ်ထားသင့်ပါတယ်..။ အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းလေးက မသိမဖြစ် တတ်အောင်သင်ထားသင့်တဲ့ နည်းလမ်းလေးတစ်ခုပါပဲ..။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းအတိုင်းမလုပ်ရင် မိမိတို့ ဖွင့်သုံးခဲ့တဲ့ အကောင့်တွေအားလုံးဟာ၊ ဝဘ်ဆိုဒ်တွေအားလုံးဟာ အင်တာနက်ဆိုင်က Mozilla Firefox ထဲမှာကျန်နေနိုင်ပါတယ်..။ ကိုယ့်နေရာမှာ နောက်လူဝင်ထိုင်ကြည့်လိုက်တာနဲ့ မိမိတို့ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်တွေ ၊ မိမိတို့ရဲ့ အကောင့်တွေအားလုံးဟာ နောက်လူဆီကို ရောက်သွားပါလိမ့်မယ်..။
ဒါကြောင့် အင်တာနက်ဆိုင်မှာ အသုံးပြုသူများ အနေနဲ့ အထူးသတိထားသင့်တဲ့ အချက်လေးတွေပါပဲ..။ ဒါကြော့င် အင်တာနက်ဆိုင်ကို ရောက်တာနဲ့ အရင်ဆုံး Mozilla ကိုဖွင့် ဒီအောက်ကပုံလေးတွေမှာ ပြထားတဲ့အတိုင်း ပြောင်းပစ်လိုက်ပါ..။ ဒါဆိုရင် မိမိတို့ကြည့်ခဲ့တဲ့ မိမိတို့ရဲ့ အကောင့်တွေ ပါစ်ဝါ့တ်တွေကို Mozilla Firefox ကမမှတ်ထားတဲ့အတွက် သူများလက်ထဲ မရောက်နိုင်တော့ပါဘူး..။ ကိုယ်ပိုင်စက်ဝယ်သုံးတဲ့ သူများလည်း ဒီအဆင့်တွေအတိုင်း ပြောင်းလဲပေးထားရင် အကောင်းဆုံးပါပဲ..။ တချို့က ပါတ်စ်ဝါတ့်ခဏခဏရိုက်ရမှာကို ပျင်းလို့ Mozilla ဖွင့်တာနဲ့ အကောင့်တန်းပွင့်တာကို သဘောကျကြတယ်..။ အဲလိုဖြစ်အောင်လည်း လုပ်ထားတတ်ကြတယ်..။ ကြာလာတော့ မိမိတို့ရဲ့ ပါတ်စ်ဝါတ့်ကို မမှတ်မိကြတော့ဘူး..။ ပါတ်စ်ဝါတ့် မရိုက်တာကြာတော့ မေ့ကုန်ကြတယ်..။ အဲလိုမမေ့အောင်လို့ မိမိတို့ရဲ့ပါတ်စ်ဝါတ့်ကို ခဏခဏ ရိုက်ထည့်ပေးသင့်ပါတယ်..။ တခြားလူတွေ မသိနိုင်အောင်လည်း ဒီနည်းလေးအတိုင်း Mozilla ကို ပြောင်းလဲပေးထားသင့်ပါတယ်..။
ဒီနည်းလမ်းများနဲ့အတူ Mozilla Firefox 12.0 Beta Latest Version ကိုတင်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 16.12 MB ရှိပါတယ်..။ Update အသစ်ကြိုက်သူများနဲ့ မရှိသေးသူများ ကတော့ အောက်ကလင့်မှာ ဒေါင်းလော့ချ ယူနိုင်ပါတယ်ခင်ဗျား...

ဒီပုံကတော့ Mozilla အသစ်နဲ့ အဟောင်း Option ဝင်လို့ရမယ့်နေရာကို ယှဉ်ပြထားတာပါ... Version အသစ်သုံးသူရော၊ အဟောင်းသုံးသူပါ အဆင်ပြေပြေ လုပ်တတ်အောင်လို့ပါ..။



Home Page မှာ Google.com လို့ရိုက်ထည့်လိုက်ပါ..။ ဒါမှ Mozilla ဖွင့်တာနဲ့ Google စာမျက်နှာ တန်းပေါ်မှာပါ..။



အောက်မှာပြထားတဲ့ ပုံက 8 နဲ့ 10 နေရာတွေက အရေးကြီးပါတယ်..။ သေချာလိုက်ကြည့်ပြီး လုပ်သွားလိုက်ပါ..။


မိမိတို့ရဲ့ ပါတ်စ်ဝါတ့်တွေကို Mozilla ကမမှတ်မိအောင် အောက်ပုံမှာ ပြထားတဲ့အတိုင်း 13 နေရာမှာ အမှန်ခြစ်  ဖြုတ်ပေးလိုက်ပါ..။


အပေါ်ပုံကအတိုင်း OK နှိပ်ပေးပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း New Windows ခေါ်ကြည့်လိုက်ပါ..။ Google စာမျက်နှာကို ပုံမှာပြထားတဲ့ အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ မိမိတို့ အဆင့်ဆင့်ပြောင်းလဲ ထားတာတွေအားလုံး အောင်မြင်သွားပါပြီ..။


နောက်တစ်ခုက မိမိတို့ရဲ့ Mozilla Firefox မှာ မိမိတို့ မလိုချင်တဲ့ မသုံးတဲ့ Tool Bar တွေကို ဖြုတ်ချင်ရင်၊ ဒါမှမဟုတ် ဖြုတ်ပြီးသားတွေ ပြန်တပ်ချင်ရင် အောက်ကပုံအတိုင်း အမှန်ခြစ်လေးများအား ဖြုတ်၊ တပ်လုပ်၍ စမ်းကြည့်နိုင်ပါတယ်..။ အောက်ပုံက ပုံနှစ်ခုယှဉ်ပြပေးထားတာပါ..။ ပိုနေတဲ့ တူးဘားတွေနဲ့ ဖြုတ်ထားတဲ့ တူးဘားတွေကို မိမိတို့ဖာသာ ရှာတတ်အောင်လို့ပါ...။

ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေ နားလည်လိမ့်မယ်လို့ ထင်ပါတယ်...။