တစ်နေ့သ၌ ကျွန်ုပ်ထံသို့ window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊
သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။
ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့်
ဖြေရှင်းလျက်ရှိလေ၏။
ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။
သို့သော် အားလုံး၏ အဆင်မပြေမှုကို အကြောင်းပြု၍ Window 7 64 bit တွင် ဇော်ဂျီပြဿနာအား အဆင်ပြေဆုံးဖြစ်စေရန် ဖော်ပြပါ၏။
အဆင့်(၁)
စက်ထဲတွင် ဇော်ဂျီရှိ၍ သော်လည်းကောင်း (သို့) Install လုပ်ထားသော်လည်းကောင်း ယခု ဆော့ဝဲကို Run ၍ Install လုပ်ပြီး ဖျက်ပါ။
အဆင့်(၂)
ယခုပေးသော လင့်မှ ZawgyiL_amd64.msi ကို Install လုပ်ပါ။
Gtalk ၀င်ပြီး Setting တွင် ညာဘက်ရှိ Chane Font တွင် Zawgyi One ကို ရွေးပါ။
0 comments:
Post a Comment