https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >

Thursday 6 November 2014

Blog မှာ Facebook Like Box ထည့်သွင်းနည်း



ဒီ Facebook Like Box လုပ်နည်းလေးကို  Blogger ကိုပြည့်ဖြိုး ကပဲ တောင်းဆိုနေလို့ ကျန်တဲ့ မသိသေးတဲ့ Blogger တွေလည်းဗဟုသုတ
ရအောင် မျှဝေပေးလိုက်ပါတယ်....:)

မိမိ Blog မှာ Facebook Like Box လေးပြုလုပ်ဖို့အတွက် Facebook မှာ Fan Page လေးတစ်ခု အရင်ဆုံး တည်ဆောက်ရပါ့မယ်..။

Facebook Login
ဝင်ထားပြီး  ဒီနေရာကို  သွားပါ  ရွေးခြယ်စရာ ၆ ခု ရှိပါတယ် နှစ်သက်ရာ တစ်ခုကို Click လိုက်ပါ..။
ကျနော်ကတော့ Cause or Community ကို ရွေးလိုက်ပါတယ်..။ကိုယ့် Fanpage ရဲ့ နာမည် Title လေးရေးထည့်ပေးပြီး I agree မှာ အမှန်ခြစ်လေးထည့် Get Started ကို နှိပ်လိုက်ပါ..။
နောက်ပေါ်လာတဲ့ Page မှာ Facebook အကောင့်ဖွင့်တုန်းကလို ဓာတ်ပုံ ဘာညာလေးတွေ ထည့်ပေးလိုက်ပါ (နောက်မှ ထည့်ပေးလည်းရပါတယ်) ..။ ကဲ အခုဆိုရင် မိမိ ကိုယ်ပိုင် Fan Page လေးတစ်ခု ရရှိသွားပါပြီ... Like ကို နှိပ်ပြီး ဖွင့်လိုက်ပါ..။
မိမိ မှာရှိတဲ့ သူငယ်ချင်းတွေကို Invite လုပ်ချင်ရင် လုပ်နိုင်ပါတယ် မလုပ်ချင်သေးရင် Skip ကို နှိပ်ပါ... အဲ့ဒီ Fan Page မှာ Post တွေ စ ပြီးတင်လို့ရပါပြီ...။

Fan Page လေး ဖန်တီးပြီးရင်တော့ မိမိ Blog ထဲမှာ Like Box လေးထည့်ပေးဖို့   ဒီနေရာ  ကို သွားလိုက်ပါဦးးး..။ ပုံထဲမှာ ပြပေးထားတဲ့ နေရာကို စောစောက ဖန်တီးထားတဲ့ Facebook Fan Page ရဲ့ URL ကို Copy ကူးပြီး ထည့်ပေးလိုက်ပါ .. 
 

မိမိ Blog ရဲ့ အကျယ် အဝန်း နဲ့ ကိုက်ညီအောင်တော့ ကိုယ့်ဘာသာကိုယ် ချိန်ညှိပေးပါ.... ပြီးရင် အောက်နားက Get Code ကိုနှိပ်လိုက်ပါ .. Your Like Box plugin code : မှာ XFBML ကိုရွေးပါ ပုံထဲကလို နံပါတ် (3) မှာပေါ်လာတဲ့ Code တွေကို Copy ကူးလိုက်ပါ  ပြီးရင်...
 
 
 မိမိ Blog ကတဆင့် (ဒီအဆင့်ကိုတော့ Blogger တိုင်း လုပ်တတ်ကြမှာပါနော်)
HTML/JavaScript မှာထည့်ပေးပြီး Save လုပ်လိုက်ပါ ...။  ကဲ ခုဆိုရင် Facebook Like Box လေး မိမိ Blog ထဲမှာ ရောက်သွားပါပြီ   ဒီနေရာလေး  မှာ ကျနော်အစမ်းလုပ်ထားပါတယ်...။ 
... ကဲ....အဲ့ဒါပါပဲဗျာ .... အားလုံး အဆင်ပြေကြပါစေ....:)
 
 ကိုပြည့်ဖြိုးရေ ကြိုက်တယ် ဆိုရင်တော့  Don't Forget to Say Thanks , If You Like My Post !! ပေါ့ဗျာ.....:P

ဝင်းကမ္ဘာကျော်

0 comments:

Post a Comment