https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >

Friday 7 November 2014

Samsung Galaxy Alpha


------------------------------------------






အားသာချက်
နည်းပညာမြင့် စမတ်ဖုန်းတစ်လုံး ဖြစ်တဲ့အတွက် ဖုန်းတွင်းအသုံးပြု စနစ်ပိုင်းတွေ ကောင်းမွန်ပြည့်စုံ ပါတယ်။ Finger print စနစ် ပါဝင်တဲ့အတွက် ဖုန်းလုံခြုံရေးအတွက် ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Multi Windows စနစ်၊ ကျန်းမာရေး ထောက်ကူပြု Sensor စနစ်ပိုင်းတွေအပြင်၊ ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပြည့်စုံ နေပါတယ်။ ဖုန်းထဲမှာထည့်သွင်း အသုံးပြုထားတဲ့ Hardware ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။
ပါဝါအသုံးပြုနှုန်းအတွက် ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်တဲ့အပြင် အင်တာနက် အသုံးပြုချိန်မှာ ကောင်းမွန်တဲ့ WiFi ကွန်ရက်စနစ်နဲ့ ကောင်းမွန်တဲ့ မိုဘိုင်းအင်တာနက် စနစ်တွေကို အသုံးပြုနိုင်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ မိမိရဲ့ ဖုန်းတွင်းရှိ အချက်အလက် လုံခြုံရေးအတွက် ကောင်းကောင်း အသုံးပြုနိုင်တဲ့ Private စနစ်ကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဖုန်းရဲ့ Screen ကို ထိဖို့မလိုအပ်ပဲနဲ့ လက်ကိုဖုန်းနဲ့ သတ်မှတ်ထားတဲ့ အကွာအဝေးမှာ ပြလိုက်ရုံနဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်မယ့် Air View စနစ်တွေ လည်းပါဝင်ပါတယ်။
အားးနည်းချက်
ဖုန်းမှာ ထည့်သွင်းထားတဲ့ စပီကာဟာ အသံထွက်နှုန်း နည်းပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းနဲ့ ရုပ်ရှင်ကြည့်တဲ့ အချိန်မျိုးတွေမှာ ဖုန်းရဲ့စပီကာက ထွက်တဲ့အသံဟာ တိုးတယ်လို့ ခံစားရပါတယ်။ ဖုန်းကို Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကို အလွယ်တကူ ပြုလုပ်နိုင်တဲ့ စနစ်တွေ မပါဝင်တဲ့အတွက် Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကိုတော့ ဖုန်းရဲ့ ပါဝါခလုတ် ဒါမှမဟုတ် Home Key တွေကိုပဲ အသုံးပြုရ ပါလိမ့်မယ်။
ဒီဇိုင်း
ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ Galaxy Alpha ဟာ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံမျိုး ရှိပါတယ်။ ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှု ပုံစံဟာ လေးထောင့်ဆန်ဆန် ပုံစံမျိုးဖြစ်ပြီး အရွယ်အစားကလည်း ကြီးမားခြင်း မရှိသလို အရမ်းလည်း မသေးပါဘူး။ Screen အရွယ်အစား ၄.၇ လက်မရှိပြီး ဖုန်းရဲ့ ဘေးတိုက်အကျယ်ဟာ ၆.၅၅ စင်တီမီတာနဲ့ အထက်အောက်အမြင့် ၁၃.၂၄ စင်တီမီတာ ရှိပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာ နိုင်နိုင်နင်းနင်းနဲ့ အံဝင်ခွင်ကျ ကိုင်တွယ် အသုံးပြုနိုင်တဲ့ ပုံစံမျိုး ရှိနေပါတယ်။ ကိုယ်ထည်ရဲ့ ဘေးဘောင်ဟာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုဖြစ်ပြီး နောက်ဘက် ကာဗာကတော့ သားရေပုံစံ ပြုလုပ်ထားတဲ့ ဖြုတ်နိုင် တပ်နိုင်တဲ့ ပလပ်စတစ် ကာဗာအမျိုးအစားပါ။ ဖုန်းကို ဖွဲ့စည်းတည် ဆောက်ထားတဲ့ သတ္တုကိုယ်ထည်နဲ့ နောက်ဘက် ကာဗာဟာ ထိတွေ့ကိုင်တွယ် အသုံးပြုရာမှာ ကောင်းမွန်တဲ့ ထိတွေမှုမျိုးကို ပေးစွမ်းနိုင်တာလည်း တွေ့ရပါတယ်။ ဖုန်းရဲ့ထုထည်ဟာလည်း ၀.၆၇ စင်တီမီတာသာ ရှိတဲ့အတွက်  ပါးလွှာတဲ့ကိုယ်ထည် တစ်ခုဖြစ်ပြီး အလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် သယ်ဆောင်အသုံးပြုချိန်မှာ သက်သောင့်သက်သာ ရှိစေပါတယ်။ နောက်ဘက် ကင်မရာဟာ ဖုန်းကိုယ်ထည်ကနေ အနည်းငယ် ဖောင်းကြွထားတဲ့ ပုံစံမျိုး ရှိနေပြီး စပီကာကတော့ ဖုန်းရဲ့အောက် ခြေဘောင်မှာ တပ်ဆင်ထားတာပါ။ ပုံစံဒီဇီုင်းဟာ လှပသပ်ရပ်မှု ရှိနေပြီး GSM 2/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မယ့် Nano Sim ဖုန်းအမျိုးအစား ဖြစ်ပါတယ်။
နည်းပညာ
Galaxy Alpha ကို အသုံးပြုသူတွေ အနေနဲ့ ဒီဖုန်းမှာ ကောင်းမွန်တဲ့ Finger Print စနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Finger Print ဟာ လက်သုံးချောင်းအတွက် သုံးမျိုးမှတ်သား ထားနိုင်မှာဖြစ်ပြီး Finger Print စနစ်ကို ကိုယ့်ရဲ့ Private စနစ်မှာပဲဖြစ်ဖြစ်၊ ဆော့ဖ်ဝဲ App တွေမှာပဲဖြစ်ဖြစ်၊ ဖုန်းရဲ့ Lock Screen စနစ်မှာပဲ ဖြစ်ဖြစ် စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ Smsung ရဲ့ S Health ဆိုတဲ့ နည်းပညာကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာ တစ်ခုပါပဲ။ ဒီစနစ်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ ကယ်လိုရီတိုင်းတာခြင်း၊ လမ်းလျောက်ခြင်းအတွက် Pedometer, လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအတွင် Exercise အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာဖို့အတွက် ကင်မရာရဲ့ Flash မှာတပ်ဆင်ထားတဲ့ Hart Rate Sensor ကနေ တစ်ဆင့်တိုင်းတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ စနစ်မှာဆိုရင်လည်း ကိုယ်ရိုက်ထားတဲ့ ဖုန်းထဲမှာ ရှိနေတဲ့ဓာတ် ပုံတွေကို Photo Studio ပြုလုပ်ခြင်း၊ Collage Studio, Shot & more, Video Clip Studio, Video Trimmer အစရှိတဲ့ စနစ်တွေကို အသုံးပြုပြီး ဓာတ်ပုံတွေကို ဗီဒီယိုဖိုင် ပြုလုပ်ခြင်း၊ နောက်ခံအသံတွေ ထည့်သွင်းခြင်း၊ Collage လို့ခေါ်တဲ့ ဓာတ်ပုံတွေကို စုစည်းပြီး ဓာတ်ပုံ တစ်ပုံတည်းအဖြစ် စိတ်ကြိုက် Layout ပုံစံတွေ အရောင်တွေကို ထည့်သွင်းပြုလုပ် နိုင်မယ့် နည်းစနစ်တွေကလည်း Alpha အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာ တွေဖြစ်ပါတယ်။ ကင်မရာ နည်းပညာ ပိုင်းမှာလည်း ဓာတ်ပုံကို Panorama ပုံစံရိုက်နိုင်တဲ့အပြင် Panorama ဓာတ်ပုံကို ဗီဒီယိုဖိုင် ပုံစံမျိုးနဲ့ ရိုက်ကူးပေးနိုင်တဲ့ Virtual Tore, ရှေ့ကင်မရာနဲ့ နောက်ကင်မရာ နှစ်ခုစလုံးကို တစ်ပြိုင်တည်း ရိုက်နိုင်မယ့် Dual Camera, လှုပ်ရှားမှု ပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် Shot & More အစရှိတဲ့ စနစ်တွေအပြင် ဓာတ်ပုံတွေကို စိတ်ကြိုက် ပြုပြင်ဖန်တီးနိုင်မယ့် Photo Edit နည်းပညာ တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 30MB ကျော်တဲ့ ဖိုင်တွေကို Download ပြုတဲ့အခါ Download Speed နဲ့ Wi-Fi Speed တွေကို အလိုအလျောက် မြှင့်တင်ပေးနိုင်မယ့် Download booster ဆိုတဲ့ စနစ်ကလည်း ကောင်းမွန်တဲ့ နည်းပညာ တစ်ခုလို့ ဆိုနိုင်ပါတယ်။
အသေးစိတ်ဖော်ပြချက်
Quad core 1.8GHz CPU နဲ့ Quad core 1.3GHz CPU တွေကို အသုံးပြု ထားတာဖြစ်ပြီး ဂရပ်စနစ် အတွက်လည်း Mali-T628 MP6 GPU ကိုထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ Screen ကတော့ Super AMOLED Screen ဖြစ်ပြီး ဂရပ်ဖစ် GPU ပါ ၀င်တဲ့အတွက် ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းကို ခံစားကြည့်ရှု နိုင်ပါတယ်။ ဖုန်းမှတ်ဥာဏ်ကတော့ Internal Memory 32GB ပါဝင်ပြီး RAM ကတော့ 2GB RAM ပါ။ မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့အတွက် တော့ Micro SD Card Slot မပါဝင်ပါဘူး။ ရှေ့ကင်မရာကတော့ 2.1 Mega Pixel ကင်မရာဖြစ်ပြီး နောက်ဘက်ကင်မရာကတော့ 12Mega Pixel ရှိတဲ့ ကင်မရာပါ။ ဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ 1860 mAh Li-Ion ဘက်ထရီ အမျိုးအစား ဖြစ်တဲ့အတွက် စမတ် ဖုန်းအတွက် ဘက်ထရီရဲ့ ပါဝါဟာ အားနည်းတယ်လို့ ထင်ရပေမယ့် ဖုန်းမှာပါဝင်တဲ့ Power Saving ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။ Safety assistance ဆိုတဲ့ စနစ်မှာ ဘက်ထရီ အသုံးပြုနှုန်းကိုလျော့ချ ထားနိုင်ပါတယ်။
သုံးသပ်ချက်
ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်တွေဟာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းကိုကိုင်တွယ် အသုံးပြုချိန်မှာလည်း သက်သောင့် သက်သာရှိပြီး အဆင်ပြေတဲ့အပြင် ဖုန်းမှာပါဝင်တဲ့ နည်းပညာ ပိုင်းတွေ အသုံးပြု စနစ်တွေနဲ့ Sensor စနစ်ပိုင်း တွေဟာလည်း ကောင်းမွန်ပြည့်စုံမှု ရှိနေတာ တွေ့ရပါတယ်။ ဖုန်းကို အသုံးပြုရာမှာ Setting ကို ကိုယ်ကြည့်ချင်တဲ့ ပုံစံမျိုး  စိတ်ကြိက်ပြောင်းလဲ အသုံးပြုနိုင် တာဟာလည်း အသုံးပြုသူအနေနဲ့ အမြင်နဲ့ သုံးပြုခြင်းကို ရိုးမသွားစေပဲ မကြာမကြာ ပြောင်းလဲနေနိုင် ပါလိမ့်မယ်။ ဖုန်းရဲ့ အောက်ခြေမှာ ရှိနေတဲ့ Home, Menu, Back အစရှိတဲ့ ခလုတ်သုံးခု မှာတော့ Menu ခလုတ်ဟာ ပုံမှန် Samsung တွေမှာပါဝင်တဲ့ Menu ပုံစံမျိုး မဟုတ်တော့တဲ့အတွက် Samsung သုံးနေကျ လူတွေအတွက်တော့ ဒါက အသစ်အဆန်း ဖြစ်နေစေပါလိမ့်မယ်။ Menu ဟာ ဖုန်းတွင်း စနစ်တွေရဲ့ အပေါ် ညာဖက်ထိပ်နားမှာ အမြဲတမ်း ရှိနေပါတယ်။ နောက်ဘက် ကင်မရာဟာ ကိုယ်ထည်ကနေ အနည်းငယ် ဖောင်းကြွနေတဲ့ ပုံစံမျိုးရှိတဲ့အတွက် ဖုန်းကိုချထားတဲ့ နေရာမှာတော့ ကင်မရာကို မထိခိုက်အောင် ဂရုစိုက်ရပါလိမ့်မယ်။

0 comments:

Post a Comment