https://www.facebook.com/zawzaw.zaw.397&width=292&height=258&colorscheme=light&show_faces=true&border_color&stream=false&header=false&” style=”border:none; overflow:hidden; width:292px; height:258px;” >

Sunday 16 November 2014

နောက်ဆုံးထွက် Windows 8.1 ISO Images ဖိုင်များကို အလွယ်ကူဆုံးဒေါင်းလော့ယူနည်း


 Windows 8.1 ISO Images ဖိုင်များကို အလွယ်ကူဆုံးဒေါင်းလော့ယူနည်း

မင်္ဂလာပါခင်ဗျား
ဒီတစ်ခါကျနော် ပြန်လည်မျှဝေချင်တာကတော့
 Windows 8.1 ISO Images ဖိုင်များကို အလွယ်ကူဆုံးဒေါင်းလော့ယူနည်းကို
ကွန်ပျူတာကို အထူးလေ့လာလိုက်စားနေကြတဲ့ ဘော်ဒါတွေအတွက်
အထူးလက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်ခင်ဗျား..

ကွန်ပျူတာကို လေ့လာခါစဘော်ဒါတွေကတော့
Windows နဲ့ iSO Images ဆိုတာ ဘာလဲ ဆိုတာကို
သိကြဦးမှာ မဟုတ်ဘူးထင်ပါတယ်။
ဒါပေမယ့် စိတ်အားငယ်စရာမဟုတ်ပါ..၊ ခေတ်စနစ်ရဲ့သားကောင်ပီပီ
အခုလူတွေတော်တော်များများဟာ ကိုယ်တတ်သိသမျှသော
ပညာရပ်တွေကို အများသူငှါကိုလည်း ပြန်လည်မျှဝေလိုတဲ့
စိတ်တွေက ဟိုတုန်းကထက်စာရင် %90% ကျော်လာပြီလို့ထင်ပါတယ်။

ကိုယ်က ဘယ်အပိုင်းကို စိတ်ဝင်စားနေတာလဲ
ဘာဖြစ်ချင်နေတာလဲ ဆိုတဲ့.. လဲ ??? ပေါင်းများစွာသော
အမေးတွေကို အဖြေရှာရင်းကနေ
ကိုယ်ဖြစ်ချင်တာလေးတွေကို အနီးကပ်ဆုံးသင်ပေး
ပို့ချပေးနေကြတဲ့ အွန်လိုင်းတစ်ခွင်ရှိနေတာကိုက
ကျနော်တို့တွေအတွက် ဘာနဲ့မှ မလဲနိုင်လောက်တဲ့
အခွင့်အရေးကြီးပါခင်ဗျား။

ကျနော်တို့အသုံးပြုနေတဲ့ ၀င်းဒိုးတစ်ခုဖြစ်လာဖို့က
ပညာရှင်အများစုဟာ iSO ဖိုင်တွေကို ကွန်ပျူတာရဲ့
DVD-R မှာ Bootable Image အဖြစ် Burn ယူပြီး

အသုံးပြုလိုတဲ့ ၀င်းဒိုးတွေကို ဖန်တီးကြတာပါ။

မိမိတို့အနေဖြင့် စိတ်အားမငယ်ပဲ ဆန္ဒရှိသည့်အလျှောက်
အွန်လိုင်းတစ်ခွင်မွှေနောက် ရှာဖွေဖတ်ရှု စုဆောင်းတတ်ဖို့က
ဒီနေရာမှာ အဓိကဖြစ်လိမ့်မယ်ဟု 
ကျနော့် အတွေ့အကြုံထဲကနေ အကြံပေးလိုက်ရပါတယ်ခင်ဗျား...။

အခုနောက်ဆုံးထွက်ထားတဲ့ Windows 8.1 Pro iSO Images 
ဖိုင်များကို အရှာရခက်နေတဲ့ ဘော်ဒါတွေအတွက်လည်း
အလွယ်ကူဆုံးနည်းလမ်းကို ကျနော် ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျား..။

နောက်ပိုင်း အချိန်ရ ရသလို ကျနော်

All Windows’s iOS ဖိုင်ကို  DVD-R မှာ Bootable Image
အဖြစ် အလွယ်ဆုံး ဘယ်လို Burn ယူမလဲဆိုတာကို
 ဗွီဒီယို Tutorial တွေနဲ့ အသေးစိတ် ပြပေးသွားမှာဖြစ်ပါတယ်။


 Windows 8.1 ISO Images ဖိုင်များကို အလွယ်ကူဆုံးဒေါင်းလော့ယူနည်း
လေးကို စလိုက်ကြအောင်ပါခင်ဗျား

၁။  Windows 8.1 installation media creation tool ကို အရင်
အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။

Download Here 

OR

Download Here 

OR

Download Here 

 ၂။ Mediacreationtool ကို Run as administrator ဖြင့် install လုပ်ပါ။


၃။ မိမိကွန်ပျူတာက Windows 7 & 8 ကိုပဲ တင်သုံးနေပြီး
အခုနည်းလမ်းအရမ်း Windows 8.1 iSO ဖိုင်တွေကို ဒေါင်းလော့
ယူမယ်ဆိုရင်တော့ Windows 8.1 Key တောင်းလာရင်တော့
ဝင်းဒိုး Windows 8.1 Activator တွေနဲ့ genuine တွေကို
ဖြေရှင်းနိုင်ပါတယ်။ အခုကျနော်ပေးတဲ့ နည်းလမ်းကတော့
%100% ကိုအဆင်ပြေပါတယ် ဘာကီးမှ တောင်လိမ့်မယ်မဟုတ်ပါခင်ဗျား။
တကယ်လို့ မိမိကွန်ပျူတာက Windows 8.1 ကိုတင်းထာပြီးသား
သုံးနေဆဲဆိုရင်တော့ ဘာမှ လုပ်နေစရာမလိုတော့ပဲ
ကိုယ်အသုံးပြုလိုသော ဘာသာ...Language>>>၀င်းဒိုးအမျိုးအစား...
Edition>>> OS ဖြစ်တဲ့ အမျိုးအစား (32/64 bit) စသည့်...Architecture>>>တို့ကို
 (သို့) iSO Images ဖိုင်တွေကို စိတ်ကြိုက်ရွေးပါ၊
ပြီးတော့ Next ကို နှိပ်လိုက်ပါ။
၎။ ကျနော်အနီဝိုင်းပြထားတဲ့ iSO File ကိုရွေးပါ၊ 
ပြီးတော့ Next ကိုထပ်နှိပ်ပါ။
၅။ မိမိကွန်ပျူတာထဲ သိမ်းဆည်းလိုသော နေရာကို ရွေပေးလိုက်ပြီး
Save ကိုနှိပ်လိုက်ပါ။
၆။ အောက်ကပုံအတိုင်း ကိုယ်ရွေးလိုက်တဲ့ iSO ဖိုက်ကို
စတင်ဒေါင်းလော့ဆွဲနေပါလိမ့်မယ်။
(အင်တာကောင်းရင် သိပ်မကြာပါ)
၇။ ဒေါင်းလော့ပြီးလို့ အောက်ကပုံအတိုင်းပေါ်လာရင်
Finish ကိုနှိပ်လိုက်ပါ
၈။ Finish ကိုနှိပ်လိုက်ပြီးတာနဲ့ စောနားက
မိမိသိမ်းဆည်းထားတဲ့ နေရာကိုသွားကြည့်လိုက်ပါ
Windwows 8.1 Pro iSO Images (32/64bit) များ
ရောက်နေပါလိမ့်မယ်ခင်ဗျား။


.....အားလုံးပဲ OS တွင်ပျော်၍ တော်နိုင်ကြပါစေ.....
.....ဘ၀အမောတွေလည်းပြေနိုင်ကြပါစေဟု.....
....အားလုံးကို ခင်မင်လေးစားလျှက်....

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 

0 comments:

Post a Comment